ရွှေကျင် ၁၉ အောက်တိုဘာ
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်အတွင်း Human Papilloma Virus(HPV) အိတ်ချ်ပီဗီ ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်းခြင်းလုပ်ငန်း အသိပေး ဆွေးနွေးခြင်းကို အောက်တိုဘာ ၁၈ ရက် မနက်ပိုင်းက ခုတင်(၁၀ဝ)ဆေးရုံ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကားပြောကြားပြီး ခုတင်(၁၀ဝ) ဆေးရုံအုပ်ကြီး ဒေါက်တာသောင်းဝင်းက အိတ်ချ်ပီဗီ ကာကွယ်ဆေး ထိုးနှံရခြင်း အကြောင်းများကို ရှင်းလင်း ပြောကြားပေးပြီး အစည်းအဝေး တက်ရောက်လာသူများမှ သိလိုသည့် အချက်အလက် များကို ဆွေးနွေးကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။
အိတ်ချ်ပီဗီ ကာကွယ်ဆေးကို ရွှေကျင်မြို့နယ်အတွင်းရှိ အသက် ၉နှစ်မှ ၁၀နှစ်အရွယ် မိန်းကလေး ငယ် (၁၂၀၇)ဦးအားထိုးနှံပေးမည်ဖြစ်ကာ အိတ်ချ်ပီဗီကာကွယ်ဆေးသည် အိတ်ချ်ပီဗီပိုးကြောင့် ဖြစ်ပွား သော သားအိမ်ခေါင်း ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပြီး အမျိုးသမီးငယ်များအား အိတ်ချ်ပီဗီ ကာကွယ် ဆေး စောနိုင်သမျှ အစောဆုံးထိုးနှံပေးခြင်းဖြင့် ကာကွယ်မှုအမြင့်မားဆုံးရရှိနိုင်မည့် အခွင့်အလမ်း တစ်ခု ဖြစ်ကြောင်းသိရှိရသည်။အိတ်ချ်ပီဗီကာကွယ်ဆေးအား အောက်တိုဘာလ ၂၀ရက်နေ့ ညနေပိုင်းမှစတင် ထိုးနှံပေးသွားမှာဖြစ်ပြီး အဆိုပါ ကာကွယ်ဆေးကို (၁)နှစ်ခြား၍ နောက်တစ်ကြိမ် ထိုးနှံကာ စုစုပေါင်း နှစ်ကြိမ်ထိုးနှံရမည်ဖြစ်ကြောင်း သိရှိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)


