ရွှေကျင် ဩဂုတ် ၂၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မှ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့အထိ ကျေးရွာ(၁၃)ရွာသို့ ထုတ်ချေး ပေး ပြီးဖြစ်ကြောင်း သိရသည်။
ရွှေကျင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် တောင်သူများ စိုက်ပျိုးရာသီတွင် အချိန်မီစိုက်ပျိုးနိုင်စေရန်အတွက် ယခုနှစ် မေလ ၁၇ ရက်မှ ဩဂုတ်လ ၂၉ ရက်အထိ မိုးစပါး ချေးငွေများကို ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၁၃)ရွာ၊ လယ်ဧကပေါင်း (၅၉၉၉)ဧက အတွက် တစ်ဧကလျှင် တစ်သိန်းငါးသောင်းကျပ်နှုန်းဖြင့် ချေးငွေပေါင်း (၈၉၉၈၅၀၀၀၀) အား တောင်သူများ၏ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်မန်နေဂျာ ဒေါ်ရီရီဝင်းထံမှ သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)