ရွှေကျင် ၃၁ ဩဂုတ်
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးကြီးကြပ်အသင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စုပေါင်း၍ ဩဂုတ် ၃၁ ရက် နံနက် ၈ နာရီမှစ၍ လူစည်ကားရာနေရာများတွင် နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါသည် တဖြည်းဖြည်း ကူးဆက်ပြန့်ပွားလာသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် နေအိမ်ပြင်ပသွားလာနေကြသော ပြည်သူများအား ရွှေကျင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းနှင့် ရွှေကျင်မြို့နယ် ခုတင်(၁၀၀) ဆေးရုံအုပ် ဒေါက်တာသောင်းဝင်းတို့၏ ဦးဆောင်မှုဖြင့် ရွှေကျင်မြို့နယ် ပြည်သူ့ကျန်းမာရေးကြီးကြပ်အသင်းမှ ဝန်ထမ်းများ၊ သားဖွားဆရာမများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ နှာခေါင်းစည်းအခု ၂၀၀၀ အား လူစည်ကားရာနေရာများဖြစ်သော မြို့အဝင်မင်္ဂလာမုဒ်ဦး စည်ပင်သာယာရုံးရှေ့နှင့် ညစျေးလမ်းဆုံ မီးပွိုင့်တို့တွင် ပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)


