ရေကြည် ၂၂ သြဂုတ်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပြည်သူများအား ကူညီဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို မီးသတ်စခန်းရှေ့ကွင်းပြင်၌ လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

အဆိုပါရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးနိုင်ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၃၅)ဦးတို့က သဘာဝဘေး ငလျင်ဒဏ်ကြောင့် အပျက်အစီးကြား ပိတ်မိ ပိမိနေသူများအား ရှာဖွေကယ်ဆယ်ခြင်း၊ လူနာများအား စနစ်တကျ ကိုင်တွယ်ပုံ ကိုင်တွယ်နည်းများကို ကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းများ အသုံးပြု၍ စုဖွဲ့ဇာတ်တိုက် သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်သူဟန် (ပြန်/ဆက်)