ရေကြည် ဧပြီ ၁၃
၁၃၈၄ ခုနှစ်သို့ ကူးပြောင်းသည့် အခါသမယတွင် မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းစဉ်လာအရ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ယနေ့နံနက်ပိုင်းမှ စတင်ကျင်းပလျက်ရှိရာ ယနေ့သည် မြန့်မာ့ရိုးရာ မဟာသင်္ကြန်အကြို့နေဖြစ်ပြီး ရေကြည်မြို့တော်သူ မြို့တော်သားများက အတာရေပက်ဖျန်း ကစားကြသူများနှင့် ကုသိုလ်ပြုကြသူများဖြင့် စည်ကားလျက်ရှိသည်။
မြန့်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကြိုနေ့တွင် ပြည်သူများက အေးချမ်းစွာ စတင်ဆင်နွှဲနေကြပြီး ရေကစားမဏ္ဍပ်များတွင် မုန့်လုံးရေပေါ် စတုဒိသာများဖြင့် ကုသိုလ်ပြုကျွေးမွေးလျက်ရှိသည်။ ထို့ပြင် ရေကစားရာတွင် ဒေသခံပြည်သူများ တစ်ဦးနှင့်တစ်ဦး ခိုက်ရန်မဖြစ်ပွားစေရန်နှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အောင်သူဟန်(ပြန်/ဆက်)