ရေကြည် ၂၂ စက်တင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး  ဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်  Covid-19 ရောဂါကာလစီးပွားရေးကုစားမှု အစီ အစဉ်အရ Cash  For Work စီမံကိန်းဖြင့်  ကျေးရွာအုပ်စု ၇အုပ်စု ကျေးရွာပေါင်း ၁၃ ရွာ စီမံကိန်း လုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ဦးစီးအရာရှိ  ဒေါ်မေမြတ်မိုက ပြောသည်။

 

ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း ၁၀၀ ဖြင့် Cash For Work စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လမ်းများမြေဖို့ခြင်း လမ်းမြေရောကျောက်ခင်းခြင်း ရေမြောင်းများ တူးဖော်ခြင်းလုပ်ငန်းများ တစ်ရာရာခိုင်းနှုန်းဆောင်ရွက်ပြီးစီးကြောင်းသိရသည်။

 

လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်ခြင်းကြောင့် စီးပွားရေး အခွင့်အလမ်းများ ပိုမိုကောင်းမွန်လျက်ရှိကြောင်း သိရသည်။

 

ဆန်းတင့်(ရေကြည်)