ရေကြည် ဧပြီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ ဒွါရစုကျေးရွာ ၌ ဧပြီလ ၈ ရက်နေ့ မွန်းလွဲပိုင်းက မိုးရွာသွန်း၍ ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် ကျေးလက် ကျန်းမာရေးဌာနခွဲအဆောက်အအုံတစ်လုံး၊ မူလတန်းလွန်ကျောင်း(ဝန်ထမ်းအဆောင်) တစ်ဆောင် အမိုးလှန်ပျက်စီးခဲ့ပြီး ကျေးရွာအတွင်းရှိ လူနေအိမ်နှစ်လုံးပြိုပျက်၊ နေအိမ်တစ်လုံး၊ အမိုးလှန်ပျက်စီးနှင့် အကာပွင့်ပျက်စီးနေအိမ်တစ်လုံး၊ စုစုပေါင်းနေအိမ်လေးလုံးနှင့် ဌာနဆိုင်ရာအဆောက်အအုံနှစ်လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာရှိလေဘေးသင့်ဌာနဆိုင်ရာ အဆောက်အအုံနှစ်လုံးနှင့် ကျေးရွာနေအိမ် လေးလုံးအတွက် ဧပြီလ ၉ ရက်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသန်းဝင်း၊ အဖွဲ့ဝင် ဗိုလ်မှူးမျိုးမြင့်အောင်နှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအဖွဲ့တို့ ပါဝင်သောအဖွဲ့မှကွင်းဆင်း၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့်ကျေးလက် ကျန်းမာရေးဌာနခွဲ(ပြင်/ထိန်း)လုပ်ငန်းအတွက် ထောက်ပံ့ငွေ ၁၈ သိန်း၊ မူလတန်းလွန်ကျောင်း (ဝန်ထမ်းအဆောင်)(ပြင်/ထိန်း)လုပ်ငန်းအတွက် ထောက်ပံ့ငွေ ၅၃၀၀၀ဝိ/ တို့ကို သက်ဆိုင်ရာဌာန တာဝန်ရှိသူများထံသို့ ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်းသိရသည်။

ဆက်လက်၍ အဆိုပါကျေးရွာအုပ်စုရှိ လေဘေးသင့်ပြိုပျက်နေအိမ်နှစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုး စုစုပေါင်းငွေကျပ် ၂၁၈၉၀ဝိ/ နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၈ မျိုးပါ ပုံးတစ်ပုံးစီကိုလည်းကောင်း၊ အမိုးလှန်ပျက်စီးနှင့် ဘေးအကာပွင့်ပျက်စီးနေအိမ်နှစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုးစုစုပေါင်းငွေကျပ် ၉၈၉၀ဝိ/ ကိုလည်းကောင်း သက်ဆိုင်ရာမြို့နယ် တာဝန်ရှိသူများက လေဘေးသင့်နေအိမ်လေးလုံးရှိ အိမ်ထောင်စုဝင်များလက်ဝယ်အရောက် ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

စိုးမင်းဦး(ပြန်/ဆက်)