ရေကြည် ၂၀ ဩဂုတ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့ နယ် တိုက်စွန်းအောက်အင်းကျေးရွာအုပ်စု ၊ အောက်အင်း ကျေးရွာတွင် ယနေ့နံနက်(၃) နာရီခွဲက လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာအတွင်းရှိ သွပ်မိုး၊ထရံကာ၊ ပျဉ်ခင်း နေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူ၊တိရစ္ဆာန်နှင့် အသက် အန္တရာယ် အခြားထိခိုက် ပျက်စီးဆုံးရှုံးမှုမရှိခဲ့ကြောင်း သိရသည်။
လတ်တလောတွင် ပြိုပျက်နေအိမ်အား ဖယ်ရှားရှင်းလင်းခြင်းနှင့် အိမ်ထောင်စုဝင်များအား ကျေးရွာ အတွင်းရှိ ဆွေမျိုးသားချင်းများ၏နေအိမ်သို့ ယာယီပြောင်းရွှေ့နေရာချထားခြင်းများကို သက်ဆိုင်ရာ ကျေးရွာ တာဝန်ရှိသူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်သူဟန် ( ပြန်/ဆက် )