ရေကြည် ၇  စက်တင်ဘာ

COVID-19 ကာလ ငါးမွေးမြူရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာစေ‌ရေးအတွက် ငါးလုပ်ငန်း ဦးစီးဌာနမှ ငါး‌မွေးတောင်သူများအား ငါးသား‌ပေါက်များထောက်ပံ့ပေးလျက်ရှိရာ ရေကြည် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ပထမအကြိမ်ငါးမွေးတောင်သူများ၏ ငါးမွေးကန်အရောက် ငါးသားပေါက်များ ထောက်ပံ့ ပေးအပ်ပွဲကို စက်တင်ဘာ ၇ ရက်နေ့က ပြုလုပ်ခဲ့သည်။

အဆိုပါ ငါးသားပေါက်ထောက်ပံ့ပေးအပ်ပွဲသို့ ရေကြည်မြို့နယ် မဲဆန္ဒနယ်မြေအမှတ်() တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးညွန့်၊ ပုသိမ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှုး ဦးအေးနိုင်၊ ရေကြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူး  ဦးမင်းခိုင်ဝင်း၊ ရေကြည် မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှုးဦးမျိုးလွင်နှင့် ဝန်ထမ်းများ ငါးမွေးတောင်သူများတက်ရောက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီငါးမွေးတောင်သူ()ဦး၊ငါးမွေးကန်(၈၃.၃၈)ဧကသို့ ငါးမြစ်ချင်းငါးသားပေါက် ကောင်ရေ (၁၆၆၇၆၀)ကောင် ထောက်ပံ့ပေး ခဲ့ကြောင်း သိရသည်။

MDN