ရေကြည် ၁၂ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျောင်းကျန်းမာရေးနှင့် မိခင်နှင့်ကလေး ကျန်းမာရေး ဝန်ထမ်းများသည် ယမန်နေ့ နံနက် (၉) နာရီက ရေကြည်မြို့ အခြေခံပညာ အထက်တန်းကျောင်း၊ တေဇာသီရိခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်း H1N1 ရာသီတုပ်ကွေးရောဂါနှင့် သွားကျန်းမာရေးအကြောင်း အသိပညာပေး သရုပ်ပြ ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် မိခင်နှင့်ကလေး ကျန်းမာရေးဌာန တာဝန်ခံ ဒေါက်တာဆန်းစိုပြေက H1N1 ရာသီတုပ်ကွေးရောဂါနှင့် ပတ်သက်ပြီး အသိပညာပေး ဟောပြောခြင်း၊ ကျောင်းသား၊ ကျောင်းသူများအတွက် အရေးကြီးသော လက်ဆေးခြင်းတို့ကို သရုပ်ပြခြင်း၊ ဒေါက်တာနေခြည်ခိုင်က သွားနဲ့ခံတွင်းဆိုင်ရာ ကျန်းမာရေးအသိပညာနှင့် ဗဟုသုတများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါဟာပြောပွဲသို့ ကျောင်းသားကျောင်းသူ ၄၀ဝ နှင့် ဆရာ၊ ဆရာမများ ကျန်းမာရေး ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်သူဟန် (ပြန်/ဆက်)


