ရေကြည် ၂၇ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ရေကြည်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် "သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းလုပ်ငန်း" အသိပေးညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ရေကြည်မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပေးဆွေးနွေးပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်အောင်က သွေးလွန်တုပ်ကွေးရောဂါသည် ကူးစက်မြန် ရောဂါတစ်မျိုးဖြစ်ပြီး အဆိုပါ ရောဂါလက္ခဏာများနှင့် ကြိုတင်ကာကွယ်ကုသမှုများအကြောင်းနှင့် ရောဂါကူးစက်ပုံ၊ သွေးလွန်တုပ်ကွေး၊ ခြင်ကျားအများဆုံး ကိုက်လေ့ရှိသည့် အချိန်နှင့်နေရာ၊ ရောဂါဖြစ်ပွားပုံ အဆင့်ဆင့်နှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို သေချာစွာ ဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အောင်သူဟန်(ပြန်/ဆက်)


