နတ်တလင်း၊ ဧပြီ ၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ တာပွန်မြို့ ရွှေကျွန်းတောဓာတ်အားခွဲရုံမှ ဧပြီ ၁ ရက် နံနက်ပိုင်းမှ စတင်ကာ ဓာတ်အားပို့လွှတ်သုံးစွဲလျက်ရှိကြောင်း သိရသည်။
ရွှေကျွန်းတောဓာတ်အားခွဲရုံသည် ၁၁ ကေဗွီလိုင်း၊ ဖီဒါနှစ်ခုဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိပြီး တာပွန်မြို့ရှိ သုံးရပ်ကွက်နှင့် ကျေးရွာ ၈၀ တို့မှ လျှပ်စစ်မီးပြည့်ဝစွာသုံးစွဲနိုင်ပြီဖြစ်ကြောင်း၊ (OLTC)SEM TRANSFORMER ဖြစ်သဖြင့် ဗို့အားကောင်းမွန်ပြီး ဓာတ်အားရရှိမှုအပေါ်မူတည်၍ လုံလောက်စွာသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
တင်မြင့်(နတ်တလင်း)