ရွှေကူ ၂၆ သြဂုတ်

 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြို့နယ်အတွင်း၌ ပယ်ဖျက်စာရင်းထုတ်ပြန်ပြီးသည့် တိုင်းရင်းဆေးဝါးများ စျေးကွက်အတွင်း ဆက်လက်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိကို ယနေ့နံနက် ၁၀ နာရီတွင် ရွှေကူမြို့ပေါ်ရပ်ကွက်များရှိ ဆေးဆိုင်(၆)ဆိုင်တွင် စစ်တမ်း ကောက်ယူခြင်းများ ဆောင်ရွက်ခဲ့သည်။

 

ရွှေကူမြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခိုင်ခိုင်လတ် ဦးဆောင်သော တိုင်းရင်းဆေးဝါး ကြီးကြပ်မှုကော်မတီမှ ပယ်ဖျက်စာရင်းထုတ်ပြန်ပြီးသည့် တိုင်းရင်းဆေးဝါး (၁၈)မျိုးကို မြို့ပေါ်ရပ်ကွက်များရှိ ဆေးဆိုင် (၆)ဆိုင်တွင် ဆက်လက်ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ စစ်တမ်းကောက်ယူခြင်းများ ဆောင်ရွက်ခဲ့သည်။

 

ယင်းနောက် မြို့နယ်တိုင်းရင်းဆေးဝါးကြီးကြပ်မှုကော်မတီမှ တိုင်းရင်းဆေးဝါးဥပဒေနှင့်ပတ်သက်၍ မှတ်ပုံတင်ခြင်း မရှိသော တိုင်းရင်းဆေးဝါးများ၊ မှတ်ပုံတင်ကို ကာလအကန့်အသတ်ဖြင့် ရုတ်သိမ်းခြင်း(သို့မဟုတ်) ပယ်ဖျက်ခြင်း ပြုလုပ်ထားသော တိုင်းရင်းဆေးဝါးများ၊ စံမညီတိုင်းရင်းဆေးဝါးများ၊ သုံးစွဲရန်မသင့်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော တိုင်းရင်းဆေးဝါးများ၊ ပျက်စီးတိုင်းရင်းဆေးဝါးများကို ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းမပြုရေး တို့ကို ဆေးဆိုင်ရှင်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကျော်မျိုးအောင်(ပြန်/ဆက်)

 

mdn