ရွှေကူ ၁၆ ဇူလိုင်
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ၂၀၁၈−၂၀၁၉ ဘဏ္ဍာနှစ်၊ မိုးရာသီကာလအတွင်း ဖြစ်ပေါ်ခဲ့သော သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းက သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများပျက်စီးဆုံးရှုံးမှုများ အတွက် ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၁၈−၂၀၁၉ ဘဏ္ဍာနှစ်၊ မိုးရာသီကာလအတွင်း ဖြစ်ပေါ်ခဲ့သော သဘာဝ ဘေးအန္တရာယ်ကြောင့် သီးနှံများပျက်စီးဆုံးရှုံးခဲ့သည့် ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၄ အုပ်စုမှ မိုးစပါး ပျက်စီး ဧက ၆၄၈၂ ဧက၊ မိုးအစေ့ထုတ်ပြောင်း ၃၄၄ ဧက၊ ဆောင်းအစေ့ထုတ်ပြောင်း ဧက ၇၂၀၊ စုစုပေါင်း သီးနှံပျက်စီးဧက ၇၅၄၆ ဧကရှိပြီး တောင်သူ ၂၃၁၄ ဦးအတွက် တစ်ဧကလျှင် ငွေတစ်သောင်းကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၇၅၄၆၀၀၀၀ ကျပ်အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ကြောငး သိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)


