ချောင်းဦး ၃ ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် ရွှေေလှေကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်ပြီးစီးမှုကို ယနေ့ နံနက် ၉ နာရီက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်တီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ရွှေလှေကျေးရွာ ကုန်ထုတ်လမ်းသည် မြေသားတာဘောင်တင် ဂျင်းခင်းခြင်း(အရှည် ၁ မိုင်ခွဲ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မ) ရှိပြီး ရွှေလှေ၊ ရွှေကျင်၊ သုံးပန်လှ၊ ယာကြီးတောနဲ့ နီးစပ်ရာကျေးရွာများက တောင်သူတွေရဲ့ ထွက်ကုန်သီးနှံတွေ လွယ်ကူလျင်မြန်စွာ သယ်ယူနိုင်မှာဖြစ်ကြောင်း၊ လမ်းပြီးစီးသွားရင်လည်း ကျေးရွာကုန်ထုတ်လမ်း ကော်မတီအဖွဲ့အနေနဲ့ ကုန်ထုတ်လမ်း ရေရှည်တည်တံ့ကောင်းမွန်အောင် အသုံးပြုနိုင်ဖို့ ဝိုင်းဝန်းထိန်းသိမ်း ပေကြဖို့လိုကြောင်း ချောင်းဦး မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးဝင်း က ပြောသည်။

 

အဆိုပါ ရွှေလှေကျေးရွာ ကုန်ထုတ်လမ်းကို ချောင်းဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ နှစ်၊ ပြည်ထောင်စုဘတ်ဂျက် မွမ်းမံခွင့်ပြုငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါကုန်ထုတ်လမ်းကို ခွင့်ပြုငွေကျပ် ၆၁ ဒသမ ၂ သန်းဖြင့် တင်ဒါအောင်မြင်သည့် Royal Zay ကုမ္ပဏီက လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အိအိအောင်(ချောင်းဦး)