ဂန့်ဂေါ  ၂၄  ဇူလိုင် 


ရာသီဥတုပြောင်းလဲလာသဖြင့် ဂန့်ဂေါမြို့နယ်တွင် မိုးရွာသွန်းမှု လျော့နည်းနေရာ ရေလိုအပ်မှု နည်းသည့် ပျိုးထောင်နည်းစနစ်များဖြင့် မိုးစပါးပျိုးထောင်ခြင်းကို ဂန့်ဂေါမြို့နယ်အတွင်း တောင်သူများက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာပေးမှုဖြင့် ဆောင်ရွက်နေကြကြောင်း သိရသည်။ 

 

1

 


ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် “စနစ်သစ်ပျိုးထောင်နည်းများဖြစ်တဲ့ SRI စနစ်၊ သိပ္ပံနည်းကျ ပေါင်ပျိုးစနစ်၊ ဒတ်ပေါ့ပေါင်ပျိုးစနစ်၊ စကာပိုက်အသုံးပြုသည့် ပေါင်ပျိုးစနစ်များနဲ့ ပျိုးထောင်နိုင်ဖို့ ဝန်ထမ်းများက တောင်သူများနဲ့ တွေ့ဆုံကာ နည်းပညာပေး ဆွေးနွေးပြီး ပျိုးထောင် တဲ့အခါမှာလည်း ကူညီပျိုးထောင်ပေးကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦး က ပြောသည်။ 


ရေလိုအပ်မှုနည်းသည့် မိုးစပါးပျိုးထောင်နည်းများဖြင့် ရွှေဘိုကျေးရွာ၊ တောင်ခင်ရန်းကျေးရွာ၊ နှမ်းခါးကျေးရွာနှင့် ဝက်ချီပါကျေးရွာတို့တွင် ပျိုးထောင်ထားရှိကြကြောင်းနှင့် ယခုနှစ် မိုးရာသီတွင် ဂန့်ဂေါမြို့နယ်၌ မိုးစပါးစုစုပေါင်း ၃၇၂၇၉ ဧက စိုက်ပျိုးရန် လျာထားကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။


MDN