ရေး ၁၄ ဩဂုတ်
ရေးမြို့နယ် အားကစားနှဗင့်ကာယပညာဦးစီးဌာနမှ အခြေခံပညာအထက်တန်းကျောင်း များရှိ ဆရာ/ဆရာမများအား EIM (Exercise is Medine) လှုပ်ရှားမှုအနေဖြင့် fitness Dance သင်ကြား ပို့ချခြင်းကို ဩဂုတ်လ ဒုတိယအပတ်မှ စတင်ပြီး အ.ထ.က ကျောင်းများ၌ စတင် သင်ကြားပေးကြောင်း သိရသည်။
အဆိုပါသင်ကြားခြင်းတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ် အားကစားမှူး ဒေါ်သဉ္ဇာစိုး၊ အားကစားနည်းစနစ်မှူး ဒေါ်သူဇာအေးနှင့် ဝန်ထမ်းများက ဆရာ ဆရာမများကို fitness Dance လေ့ကျင့်ခန်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်နှင့်အညီ စနစ်တကျ သင်ကြားပေးပြီး သင်တန်းကို ဩဂုတ်လဒုတိယပတ်မှ စက်တင်ဘာလအထိ တစ်လကြာ သင်ကြား ပေးပြီး တစ်ပတ်လျှင်(၃)ရက် နည်းစနစ်ကျကျ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)