ရေး ဩဂုတ် ၂၉

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မွန်ပြည်နယ်၊ ရေးမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်း ၁၇၀၀  ကျော်ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်း (၁၆)ခုကို ဆောင်ရွက်လျက်ရှိသည်။

 

ရေးမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသည် တိုင်းရင်းသားလူမျိုးများနေထိုင်သည့် ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးအတွက် ကျေးရွာချင်းဆက် ကျောက်လမ်းခင်းခြင်း၊ ကတ္တရာလမ်းခင်းခြင်း၊ ကွန်ကရစ်ခင်းခြင်းများ ဆောင်ရွက်ခြင်းဖြင့် လည်းကောင်း၊ ကွန်ကရစ်တံတားများ တည်ဆောက်ခြင်း၊ မီးမရရှိသေးသည့် ကျေးရွာများတွင် ဆိုလာများတပ်ဆင်ပေးခြင်း၊ စာသင်ကျောင်းများ၌ တန်ဖိုးနည်းဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးခြင်း စသည့် လုပ်ငန်းများအပါဝင် လုပ်ငန်း(၁၆)ခုကို ငွေကျပ်သန်း ၁၇၀၀ ကျော်ဖြင့် တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး တာဝန်ခံထံမှ သိရသည်။

 

ရေး(ပြန်/ဆက်)