ရေး   ၁  ဇူလိုင်    


ရေးမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရေးမြို့နယ်၏ လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက်(၉) နာရီက ဖွင့်လှစ်ခဲ့သည်။


အဆိုပါသင်တန်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်း လုပ်ငန်းစီမံချက်ပါ ကော်မတီဖွဲ့စည်းထားမှုနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းခြင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးထွန်းထွန်းက ပုံစံ(က) နှင့် ပုံစံ(က-၁) ဖြည့်နည်းများကို ရှင်းလင်းခြင်း၊ မြို့နယ်လဝကဦးစီးအရာရှိ ဦးမျိုးခိုင်က လဝကမှ ဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို ရှင်းလင်းခြင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က တက်ရောက်လာသူများ၏ သိရှိလိုသောအချက်များကို ပြန်လည်ဖြေကြားပေးခဲ့သည်။ 


သင်တန်းသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးညီသွေးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ မဲစာရင်းကောက်ယူကြမည့် ဆရာ/ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း မြို့နယ်(ပြန်/ဆက်)မှ သိရသည်။


MDN