ရေး ဇန်နဝါရီ ၂

 

မွန်ပြည်နယ် ရေးမြို့နယ်၌ ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်အလိုက် အခြေခံပညာကျောင်းများတွင် ဖွင့်လှစ်ဆောင်ရွက်မည့် မဲရုံများ၏ အခြေအနေကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းကို နယ်မြေခံတပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး ခိုင်ဇော်၊ ရေးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထိန်စိုးနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူး ဦးအောင်ကိုလတ်တို့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ သတ်မှတ်ညွှန်ကြားချက်များအတိုင်း မဲရုံဆောင်ရွက်မည့်နေရာများ အဆင်ပြေစွာ ဆောင်ရွက်နိုင်မှုရှိ/မရှိ စစ်ဆေးခြင်း၊ မဲရုံလုံခြုံရေးကိစ္စရပ်များ၊ မီးဘေးအန္တရာယ် လုံခြုံရေးကိစ္စရပ်များနှင့် အုပ်ချုပ်/ ထောက်ပံ့မှု ကိစ္စရပ်များကို ဆောင်ရွက်ထားရှိရန်နှင့် လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

မင်းမင်း