ရေး ၁၄ စက်တင်ဘာ
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ လိုက်နာမှုရှိ မရှိစစ်ဆေးကို ယနေ့နံနက် ၁၀ နာရီခွဲတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ရေးမြို့နယ်အတွင်းရှိ လက်ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များသည် ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကင်းဝေးစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော စည်းကမ်းချက်များဖြစ်သည့် ဆိုင်ရှင်နှင့် ဝန်ထမ်းများ လိုက်နာရမည့် အချက် (၁၄) ချက်အားလည်းကောင်း၊ စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့် အချက် (၇) ချက်အားလည်းကောင်း လိုက်နာဆောင်ရွက်မှု ရှိ မရှိ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။
အဆိုပါစစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထက်ဖြိုးဝေ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်မိုးစန္ဒာရွှေနှင့် ဌာနဆိုင်ရာများမှ ပူးပေါင်းပြီး ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)


