နေပြည်တော် စက်တင်ဘာ ၁၄
ရွှေနှင့် ငွေကြေးဈေးကွက်တည်ငြိမ်ခိုင်မာစေရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ နှင့် ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီတို့မှ တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဇမ္ဗူသီရိ ခန်းမ၌ တွေ့ဆုံဆွေးနွေးကြသည်။
တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ရွှေနှင့် ငွေကြေးဈေး ကွက်တည်ငြိမ်ခိုင်မာစေရေးအတွက် သက်ဆိုင်ရာဌာနအသီးသီးက ဆက်လက်ပူးပေါင်း ကြိုးပမ်း ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များ၊ ရွှေတုံး၊ရွှေခဲ အရောင်းအဝယ် ဆောင်ရွက်သည့်အခါ ဘဏ်စနစ်ဖြင့်သာပေးချေနိုင်ရန်အတွက် ဘဏ်များက ပံ့ပိုး ပေးမည့်အစီအမံများ၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့က ရွှေနှင့်ငွေကြေးဈေး ကွက်တည်ငြိမ်စေရေးအတွက် ဆက်လက်ပံ့ပိုးပေးမည့် အစီအစဉ်များ၊ ရွှေလုပ်ငန်းရှင်များက ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဆက်လက်ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေး ပြောကြားသည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသော ရွှေနှင့် ငွေကြေးဈေးကွက်စောင့် ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး။ ဆပ်ကော်မတီ အသီးသီး၏ဥက္ကဋ္ဌ များဖြစ်ကြသော ဌာနဆိုင်ရာညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများက တာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရမည့် အစီ အမံ များကို ရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။
(သတင်းစဉ်)