ရေနံချောင်း  ၁၂ ဇွန်


အခြခံပညာဦးစီးဌာနမှ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အခြခံပညာကျောင်း(၁၈)ကျောင်းအား အဆင့်တိုးမြှင့်ပေးခဲ့ကြောင်း ရေနံချောင်းမြို့နယ် ပညာရေးမှုးရုံးမှ သိရသည်။


ကျောင်းအဆင့်တိုးမြှင့်ရာတွင် မူလတန်းကျောင်း(၁)ကျောင်း၊ မူလတန်းလွန်ကျောင်း (၃)ကျောင်း၊ မူလတန်းကျောင်းခွဲ(၁)ကျောင်း၊ အလယ်တန်းကျောင်း (၆)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၇)ကျောင်း စသည်ဖြင့် အဆင့်တိုးမြှင့် သင်ကြားခွင့်ပြုခဲ့ကြောင်း သိရသည်။


ရေနံချောင်းမြို့နယ်တွင် ယခုနှစ် ပညာသင်နှစ်အတွင်း အခြေခံပညာကျောင်းများ အဆင့်တိုးမြှင့်ရာ၌ လမ်းပန်းဆက်သွယ်ရေးနှင့် ကျောင်းသားကျောင်းသူဦးရေတို့အား အခြေခံစိစစ်ခြင်းဖြစ်ကြောင်း သိရသည်။


ဆန်းညွန်(ရေနံချောင်း)