မကွေး ဩဂုတ် ၂၀

 

မကွေးတိုင်းဒေသကြီး မကွေးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များသည် ရေနံချောင်းမြို့နယ် ကုန်းကန်ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်မှု အခြေအနေကို ဩဂုတ် ၁၉ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကျေးရွာကုန်ထုတ်လမ်းသည် (၁)မိုင် (၆) ဖာလုံ ရှည်လျားပြီး အမြင့် (၁၂)လက်မ စုစုပေါင်း ကုန်ကျငွေ ကျပ်သန်းပေါင်း (၅၂.၅၀) သန်းဖြင့် ဖောက်လုပ်ခြင်းဖြစ်ကြောင်း မကွေးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဇောဟိန်းက ‌ပြောသည်။

 

အဆိုပါ ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးပါက ဒေသခံပြည်သူများ၏ အကျိုးပြုစိုက် ဧက (၁၄၇၆)ဧက လူဦးရေ (၁၆၈၅)ဦးနှင့် အိမ်ခြေ(၃၆၅)ဦးတို့အတွက် သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေချောမွေ့စွာ ရောင်းဝယ်ဖောက်ကားနိုင်မည်ဖြစ်ကြောင်း သိရသည်။

မေဇင်(မကွေး)