ရေနံချောင်း ၁၃ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် စက်တင်ဘာ ၁၄ ရက်နေ့ကစပြီး စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် အစားအသောက် ရောင်းချသည့် ဆိုင်များအားလုံး ဆိုင်ထိုင်ရောင်းချခွင့်မပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်ချခွင့်ပြုသွားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စက်တင်ဘာ ၁၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။
ယခုအခါ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် မြန်မာနိုင်ငံတွင် ပြည်တွင်းကူးစက်မှုနှုန်းများပြားလာသည့် အတွက် ရေနံချောင်းမြို့နယ်အတွင်းရှိ စားသောက်ဆိုင် (အရက်၊ ဘီယာဆိုင်များ အပါအဝင်)၊ လက်ဖက်ရည်ဆိုင်များနှင့် အစားအသောက်ရောင်းချသည့် ဆိုင်များတွင် လူစုလူဝေးဖြင့် ဆိုင်ထိုင် စားသုံးခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်စေရေး ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်း မရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
ကိုစိုးကြီး


