ရေနံချောင်း ၇ ဇူလိုင်

 

မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ရေနံချောင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၁)အုပ်စုမှ ကျေးရွာ(၅၄)ရွာ လျှပ်စစ်မီးရရှိရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း ရေနံချောင်းမြို့နယ် လျှပ်စစ်အင်အင်ဂျင်နီယာရုံးမှ သိရသည်။

 

ရေနံချောင်းမြို့နယ်ရှိ သရက်တောကျေးရွာအနီး ဓာတ်အားခွဲရုံ၌ 33/11KV (10) MVA ထရမ်စဖော်မာ တပ်ဆင်လျက်ရှိပြီး control အဆောက်အဦ တည်ဆောက်ခြင်းလုပ်ငန်းမှာ ၄ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း၊  သရက်တောခွဲရုံအား (၂၀၁၈-၂၀၁၉) ဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ရေနံချောင်းမြို့နယ် အင်ဂျင်နီယာရုံးက သိရသည်။

 

လက်ရှိတွင် အဆိုပါကျေးရွာ(၅၄)ရွာရှိ ပြည်သူများသည် ဘက်ထရီအိုးဖြင့်လည်းကောင်း၊ ဆိုလာမီးဖြင့်လည်းကောင်း မီးအလင်းရောင်ရရှိနေရာမှ မကြာမီ လျှပ်စစ်မီးရရှိတော့မည်ဖြစ်၍ ဒေသခံများ ဝမ်းသာနေကြောင်း သိရသည်။

 

မြို့နယ်လျှပ်စစ်အင်နီယာရုံးမှ မီးလင်းရေးလုပ်ငန်း လုပ်ကိုင်မှုအပေါ် ကျေးရွာတွေ မီးလင်းတော့မည်ဖြစ်၍ အမှန်တယ်လိုအပ်နေတာကို ပြည်သူအတွက် ဆောင်ရွက်ပေးနြေခင်းဖြစ်ပြီး မီးလင်းတော့မည်ဖြစ်ကြောင်း သိရ၍ ဝမ်းသာမိကြောင်း ဒေသခံကိုဝင်းမြက ပြောသည်။

 

ရွှေမန်းကျည်း