ရေနံချောင်း ၇ ဇူလိုင်

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်ရှိ လူဦးရေးစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချူပ်ရေး ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ရေနံချောင်းမြို့နယ် အုပ်ချူပ်ရေးမှူး ဦးမာန်ကိုဟောနှင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးခင်မောင်ထွန်း၊ ဒုတိယအုပ်ချူပ်ရေးမှူး ဦးခင်မောင်သိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန ဦးစီးမှူး ဦးဆန်းနိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ တာဝန်ခံ ဒေါ်ဆွေဇင်ဦးတို့က လူဦးရေစာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်း၊ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းများကို ဆွေးနွေးကြသည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ ရေနံချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄၃)စုမှ အုပ်ချုပ်ရေးမှူးများ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဆရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄၃)စုမှ စာရေးများ စုစုပေါင်း ၂၁၀ ဦး တက်ရောက်ကြသည်။

ဆန်းညွန့်