ရေနံချောင်း နိုဝင်ဘာ ၂၄
အဆင့်မြင့်ပညာဦးစီးဌာန၊ ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဘာသာရပ်ဆိုင်ရာ သင်တန်းအသီးသီးကို နိုဝင်ဘာ ၂၃ ရက်က စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူလျက်ရှိကြောင်း သိရသည်။
ရေနံချောင်းတက္ကသိုလ်၌ ယနေ့အထိ ကျောင်းသားကျောင်းသူ ၇၄၅ ဦး အပ်နှံထားရှိပြီး လာရောက်အပ်နှံသည့် ကျောင်းသားကျောင်းသူများကို ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်နှင့် ဌာနမှူးများ၊ ဆရာ၊ ဆရာမများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြပြီး ကျောင်းသားကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များကို ကူးညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)