ရေနံချောင်း ဇန်နဝါရီ ၅
မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ်ရှိ ဘောလုံးအားကစားကွင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၇ နာရီက စည်ကားစွာ ကျင်းပပြုလုပ်သည်။
ရေနံချောင်းတက္ကသိုလ်တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ ပူဖောင်းဖောက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ခုံလုထိုင်ပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ စသည့် ကစားနည်းများကို ရေနံချောင်းတက္ကသိုလ် သင်ကြား/စီမံ ဆရာ ဆရာများနှင့် ဝန်ထမ်းစုစုပေါင်း ၇၅ ဦး ပါဝင်ယှဉ်ပြိုင်ကစားခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအား ရေနံချောင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်နှင့် တာဝန်ရှိသူများက ဆုများအသီး သီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)