ရန်ကုန် ၂၆ ဇူလိုင်


ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်းတာဝန်ခံအဖွဲ့မှ ရန်ကုန်မြို့တွင်းသို့ ရေပေးဝေလျက်ရှိသည့် ၅၆ လက်မ ဂျိုးဖြူပိုက်နှင့် ၄၂ လက်မ လှော်ကားပိုက်တို့အား ဆက်သွယ်ထားသည့် ၂၄ လက်မ ပိုက်မှ လဲလှယ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရန် ရေပေးဝေခြင်းလုပ်ငန်းကို ခေတ္တရပ်ဆိုင်းမည် ဖြစ်သည်။


အဆိုပါ လုပ်ငန်းများ ဆောင်ရွက်စဉ် ဇူလိုင် ၃၀ ရက် နေ့ နံနက် ၁၀ နာရီ မှ ည ၁၀ နာရီအတွင်း မြောက်ဉက္ကလာပ၊ မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်၊ကမာရွတ်၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ရန်ကင်း၊ ဗဟန်း၊တာမွေ၊ မင်္ဂလာတောင်ညွန့်၊ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဒဂုံ၊ ကျောက်တံတား၊သာကေတမြို့နယ်များရှိ ရပ်ကွက်များတွင် ရေအားလျောနည်းခြင်းနှင့် ခေတ္တပြတ်တောက်ခြင်းများ ဖြစ်ပေါ်နိုင့်ပါသဖြင့် ရေကြိုတင်စုဆောင်းနိုင်ကြပါရန် ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်းတာဝန်ခံအဖွဲ့ ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အသိပေးကြေညာထားသည်။


MDN