ရေဖြူ စက်တင်ဘာ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ လူမှုဂရုဏာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ရေဖြူမြို့နယ် ကြက်ခြေနီအသင်းခွဲသို့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို စက်တင်ဘာ ၁၂ ရက်က ရေဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံအဟောင်း အစည်းအဝေးခန်းမ၌ ပေးအပ်ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် ရေဖြူမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးမြင့်က လက်သန့်ဆေးရည် (၁၀)ဘူး၊ Mask (၁၀)ထုတ်၊ အရက်ပျံ (၅)ဘူး၊ လက်အိတ် (၅)ဘူး၊ ဂွမ်းလိပ်အကြီး (၅)ခု၊ ဓာတ်ဆားထုတ် (၃)ဖာ တို့ကိုပေးအပ်ရာ ရေဖြူမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် ရေဖြူမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ မြို့နယ်တပ်ဖွဲ့မှူး ဒေါ်သီတာတင်တို့မှ လက်ခံရယူခဲ့ကြောင်း သိရသည်။

ရေဖြူ (ပြန်/ဆက်)