ရေဖြူ ၁၀ မေ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ရေဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ၂၀၁၉ ခုနှစ်မိုးရာသီ တောင်သူအသိပညာပေး ဟောပြောပွဲကို မေ ၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရေဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းက ဒေသနှင့်သင့်လျော်သည့် ကိုကိုးပင်အကြောင်းကိုလည်းကောင်း၊ ရွေးချယ်စိုက်ပျိုးသင့်သည့် စပါးမျိုးကောင်းမျိုးသန့်များ အကြောင်းကိုလည်းကောင်း၊ အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ထားဝယ်ခရိုင် မြေအသုံးချရေးတာဝန်ခံ ဦးကျော်မြင့်လှိုင်က မြေအမျိုးအစားများနှင့် သဘာဝမြေသြဇာ ပြုလုပ်အသုံးပြုရေး ပိုးသတ်ဆေးများအကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ရမည့် အချက်များကို ပညာပေးဟောပြောခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ရပ်ကွက် ၄ ခုမှ တောင်သူ ၄၀ ဦး တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ဖြူဖြူရှိန် (ပြန်/ဆက်)