ရေဖြူ ၁၃ ဇူလိုင်
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ရေဖြူမြို့နယ် (၃၀၄)တပ်နယ်မှ တပ်မတော်သား များနှင့် မိသားစုဝင်များက ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ယနေ့နံနက် ၇နာရီက ပြည်သူ့ဆေးရုံဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်ဦးဆောင်၍ ရေဖြူမြို့ (၃၀၄)တပ်နယ်မှ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ် ဖွဲ့ဝင်များ၊ ပြည်သူ့ဆေးရုံဝန်ထမ်းများက (၇၂)နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချုံနွယ်များ ရှင်းလင်းခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ခြင်ဆေးဖျန်းခြင်းနှင့် အမှိုက်သရိုက်များ ရှင်းလင်းခြင်း စသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


