ရေဖြူ ၈ အောက်တိုဘာ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေး ပြည်တွင်းနှင့် နိုင်ငံခြားမှ နေရပ်ပြန်များအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၀ ပြည့်နှစ် မတ် ၃၀ မှစ၍ Quarantine Centre များ ဖွင့်လှစ်ပြီး ၁၄ ရက်ကြာ စောင့်ကြပ်ကြည့်ရှုလျက်ရှိရာ အောက်တိုဘာ ၈ ရက်အထိ Quarantine Centre များသို့ ၁၇၈၇ ဦးကို swab နမူနာများ ရယူစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးခဲ့ပြီးသည့် နမူနားများတွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာ မရှိသေးကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရသည်။
ဖြူဖြူရှိန် (ရေဖြူ ပြန်/ဆက်)


