ရွှေပြည်သာ ဒီဇင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲကို ဒီဇင်ဘာ ၃၀ ရက်က မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းပိုင် သားဖွားခန်း၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးနှင့် မင်္ဂလာဒုံခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်အောင်တို့က အမှာစကားပြောကြားကာ ရွှေပြည်သာမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မြတ်မြတ်နှင်းက အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေး ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌတို့က ဆုရရှိသော ကလေးငယ်များအား ဆုများပေးအပ် ချီးမြှင့်ခဲ့ကာ ပြိုင်ပွဲဝင်ကလေး ၄၄ ဦးအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)


