မိုးညှင်း ၂၄ ဇူလိုင်
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် ကျက်စားနေသော ရေပုတ်သင်မျိုးစိတ်အသစ် (Tylotoriton Kachinorun) အား ရှာဖွေဖေါ်ထုတ်ခဲ့သော မိုးညှင်းဒီဂရီကောလိပ် သတ္တဗေဒဋ္ဌာန (တွဲဖက်) ပါမောက္ခ ဒေါက်တာသန်းဇော်အား ဂုဏ်ပြုပွဲအခမ်းအနားကို ဇူလိုင်၂၄ ရက်နေ့နံနက် ၉ နာရီက မိုးညှင်းဒီဂရီကောလိပ် ဘက်စုံသုံး ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မိုးညှင်းဒီဂရီကောလိပ် သတ္တဗေဒဋ္ဌာနမှပါမောက္ခ (ဌာနမှူး) ဒေါက်တာမြင့်မြင့်သန်းက အမှာစကားဟြေကြားပြီး နောက်ရုရှားနိုင်ငံ LOMONOSOV MOSCOW STATE UNIVERSITY တွဲဖက်ပါမောက္ခ ဒေါက်တာNIKOLAY A.Poyarkov မှ ဂုဏ်ပြုဝမ်းမြောက်စကားဟြေကြားခဲ့သည်။
ထို့နောက် မိုးညှင်းခရိုင် အုပ်ချုပ်ရေးမှူးနှင့် ဒေါက်တာမြင့်မြင့်သန်းတို့က ဒေါက်တာသန်းဇော်နှင့် LOMONOSOV MOSCOW STATE UNIVERSITY မှ သုတေသနပညာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။
အစီအစဉ်အရ မိုးညှင်းဒီဂရီကောလိပ် သတ္တဗေဒဌာန (တွဲဖက်) ပါမောက္ခဒေါက်တာသန်းဇော်မှ အင်းတော်ကြီးဒေသတွင် ရေပုတ်သင်မျိုးစိတ်သစ် (Tylotoriton Kachinnorun) တွေ့ရှိပုံနှင့် သုတေသနပြုခဲ့ပုံတို့အား ရှင်းလင်းဟြေကြားခဲ့သည်။
အခမ်းအနားသို့မိုးညှင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးနှင့်အဖွဲ့ဝင်များ၊ ရုရှားနိုင်ငံ LOMONOSOV MOSCOW STATE UNIVERSITY မှ သုတေသနပညာရှင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်နှင့်အဖွဲ့ဝင်များ မိုးညှင်းဒီဂရီကောလိပ်မှ ပါမောက္ခများ၊ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
နီတိုး


