ရမည်းသင်း ၁၆ မေ 

 

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်  ပဲ့ဆည်အုပ်စု ပင်းစု (တောင်) ကျေးရွာတွင် သောက်သုံးရေ မလုံလောက်သဖြင့် ယနေ့ နံနက် ၆ နာရီက မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ိ္္န

 


ရမည်းသင်းမြို့နယ် ပဲ့ဆည်အုပ်စု၊ ပင်းစုတောင်ရွာသည် အိမ်ခြေ (၁၇၆) အိမ် ရှိပြီး ယခုနှစ်ဧပြီလ နောက်ဆုံးပတ်မှစ၍ ကျေးရွာရှိ ရေတွင်းမှာ ရေထွက်လျော့နည်းလာခြင်းဖြစ်သည်။ ယခုအခါ  အပူချိန်မြင့်မားလာပြီး သောက်သုံးရေ လုံလောက်မှုမရှိခြင်းနှင့် ကျွဲနွား၊ တိရိစ္ဆာန်သုံး မြေသားကန်ရေ ခန်းခြောက်နေကြောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဦးထံမှ သိရသည်။

 

န္

 

ရမည်းသင်းမြို့နယ် စီမံခန့်ခွန်မှုကော်မတီ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာရေးအဖွဲ့တို့မှ ၂ ရက်လျင် တစ်ကြိမ် ရေဂါလန် (၄၀ဝ၀) ကို မြို့နယ်စည်ပင်သာယာရေးအဖွဲပိုင် ရေဂါလန် (၈၀ဝ) ဆံ့ ရေသည်ယာဉ်တစ်စီးနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ပိုင် ရေဂါလန် (၁၂၀ဝ) ဆံ့ ရေသည်ယာဉ်တို့ဖြင့် တစ်နေ့ (၂) ခေါက်နှုန်း ဖြန့်ဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ဇော်ဝင်းအောင်(ရမည်းသင်း)