ဘိုကလေး ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီး ကျေးရွာအုပ်စုသည် နှစ်စဉ် မိုးရာသီကာလ လွန်မြောက်သည့်အခါတိုင်း သောက်သုံးရေရှားပါးမှုနှင့် ကြုံတွေ့ရသည့် ဒေသဖြစ်သည့် အလျောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ စက်ရေတွင်း တူးဖော်နိုင်ရေးအတွက် အလှူငွေကျပ် ၃၅ သိန်းကို လုပ်ငန်းကော်မတီများနှင့်အတူ ကျေးရွာတာဝန်ရှိသူများအား ဒီဇင်ဘာ ၂၁ ရက်၌ လှူဒါန်းပေးအပ်ခဲ့ပြီး ယခုအချိန်တွင် ဒေသခံများအတွက် သောက်သုံးရေ အဆင်ပြေဖူလုံမှု ရရှိနေပြီဖြစ်သည်။
ကျေးရွာတာဝန်ရှိသူများအနေဖြင့် အလှူငွေရရှိသည့် အချိန်မှစ၍ တစ်ပတ်အတွင်း ချောင်းဗြဲကြီး ကျေးရွာအုပ်စု၊ ဂွေးချောင်းကြီးကျေးရွာတွင် စက်ရေတွင်းအား ရေချိုအဆင့် ရရှိသည်အထိ တူးဖော်ဆောင်ရွက်ခဲ့ပြီး ဒေသခံများအနေဖြင့် ယခုအချိန်တွင် သောက်ရေ၊ သုံးရေ ဖူလုံစွာ ရရှိပြီဖြစ်သည့်အပြင် ကျွဲ၊ နွား၊ တိရစ္ဆာန်များအတွက်ပါ သောက်သုံးရေ အဆင်ပြေပြီဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)