မောင်တော ၂၂ မေ 


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ယနေ့နံနက် ၉ နာရီက ရေရှားပါးသော အောင်သာယာ ကျေးရွာသို့  ခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်စင်ဦးစီး၍ တပ်ဖွဲ့ဝင် (၇)ဦး၊ ကျီးကန်းပြင်နယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး မောင်ထွေးဦးဆောင်၍ တပ်ဖွဲ့ဝင် (၅)ဦးတို့မှ မီးသတ်ယာဉ် (၂)စီးတို့ဖြင့် နွေရာသီသောက်သုံးရေ ပြတ်လပ်မှု မရှိစေရေးအတွက် သောက်သုံးရေများ လှူဒါန်းခဲ့ကြောင်း သိရသည်။


ယင်းသို့လှူဒါန်းရာတွင် ကျီးကန်းပြင်အုပ်စု၊ အောင်သာယာကျေးရွာတွင် အိမ်ခြေ(၁၀၁)၊ အိမ်ထောင်စု (၁၀၁)စု၊ လူဦးရေ(၃၁၁)ဦး နေထိုင်သည့် ကျေးရွာများအား သောက်သုံးရေ ဂါလန် (၂၄၀ဝ)အား သွားရောက်လှူဒါန်းခဲ့ကြသည်။ 


ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်စင် က “ယခုအခါ ပူပြင်း ခြောက်သွေ့သော ရာသီကာလ ဖြစ်သည်နှင့်အညီ မြေအောက်ရေ ရရှိမှုများ နည်းပါးလာလျက်ရှိရာ ပြည်သူများ သောက်သုံးရေ အခက်အခဲ မဖြစ်ပေါ်စေရေးအတွက် ယခုကဲ့သို့ ရေများသွားရောက် လှူဒါန်းခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ မြေအောက်ရေ၊ စမ်းရေ၊ တောင်ကျရေများ ရရှိမှုခက်ခဲသာ ကျေးရွာများကိုလည်း ရေများသွားရောက် လှူဒါန်းပေးရန် စီစဉ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ 


ထို့နောက် ကျေးရွာသားများကိုယ်စား ကျေးရွာသား ဦးဘအေး မှ သောက်သုံးရေများ ပြတ်လပ်နေသည့် မိမိတို့ရွာများအား အခုလို မီး သတ်တပ်ဖွဲ့မှ အရာရှိများနှင့် တပ်ဖွဲ့ဝင်များ များက လာရောက်လှူဒါန်းကြသည့်အတွက် ကျေးဇူးတင်မိပါကြောင်း ပြောကြားခဲ့သည်။ 


သက်လွင်စိုး(ပြန်/ဆက်) 

 

1