ရန်ကုန်  ၂၀  မေ 

 

မြန်မာနိုင်ငံအတွင်း ရေရှားပါးသည့် ဒေသများအတွက် ရေတိုင်ကီ (၅၅) လုံး လှူဒါန်းသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီးရုံး ဧည့်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဦးသန်းလှ (တိံင်္ကြား) မိသားစုမှ ငွေကျပ် သိန်း(၃၃၀) တန်ဖိုးရှိရေတိုင်ကီ (၅၅) လုံးကိုပေးအပ်လှူဒါန်းရာသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက လက်ခံပြီး ဂုဏ်ပြုလွှာပြန်လည် ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားသည်။

 

အဆိုပါ ရေတိုင်ကီ(၅၅)လုံးကိုပုဂံဒေသရှိရေရှားပါးသည့်ကျေးရွာများသို့ လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)