ရွှေသောင်ယံ  ၁၅  ဇူလိုင်


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရွှေသောင်ယံမြို့နှင့် ကျေးရွာအုပ်စုများရှိ စာသင်ကျောင်း(၃၂) ကျောင်းသို့ ရွှေသောင်ယံမြို့ ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် Mask၊ Hand Gel၊ ဆပ်ပြာ၊ Face Shield တို့ကို ယမန်နေ့ မွန်းလွဲပိုင်းက လိုက်လံလှူဒါန်းပေးအပ်ခဲ့ကြောင်းသိရသည်။


ထိုသို့လှူဒါန်းရာတွင် အထက်တန်းကျောင်းများအတွက် တစ်ကျောင်းလျှင် Maskအခု(၂၀၀)၊ Hand Gel(၃) ဘူး၊ ဆပ်ပြာ (၁၀)တုံး၊ Face Shield(၂)ခု၊ အလယ်တန်းကျောင်းများအတွက် Maskအခု(၂၀၀)၊ Hand Gel(၃)ဘူး၊ ဆပ်ပြာ(၁၀)တုံး၊ Face Shield(၂)ခု၊ အမကကျောင်းများအတွက်Maskအခု(၁၀၀)၊ Hand Gel(၃)ဘူး၊ ဆပ်ပြာ(၁၀)တုံး၊ Face Shield(၂)ခုစီ ဖြင့် စုစုပေါင်းMask ခုရေ ၄၃၀၀၊ Hand Gel(၉၆)ဘူး၊ ဆပ်ပြား(၇၆)တောင့်၊Face Shield(၆၄)ခုစီတို့ကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


ကိုကိုမောင်  ပြန်/ဆက်