ရွှေသောင်ယံ ဧပြီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲ နောက်ဆုံးနေ့ သမိုင်းဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
ရွှေသောင်ယံတွင် စာမေးပွဲဖြေဆိုစဉ် ကာလတစ်လျှေက်လုံး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုခဲ့ကြပြီး ထိုကဲ့သို့ဖြေဆိုနိုင်ရန်အတွက် ရွှေသောင်ယံနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ကျောင်းအကျိုးဆောင် တာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ကိုကိုမောင်
ရွှေသောင်ယံ(ပြန်/ဆက်)