နေပြည်တော်   မတ်   ၂၂

 

ကမ္ဘာ့ရေနေ့  ၂၀၂၄  အခမ်း အနားကို    ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ  ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)   ၌    ကျင်းပပြုလုပ်ရာ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီဥက္ကဋ္ဌ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံ တော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်         တက်ရောက် အမှာစကားပြောကြားသည်။

 

အခမ်းအနားသို့  ကောင်စီတွဲဖက်အတွင်းရေးမှူး  ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊   ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊  နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊       အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊  တက္ကသိုလ်ကောလိပ်များမှ ကျောင်းအုပ်ကြီးများနှင့်  ပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး            တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များက   Video  Conferencing   ဖြင့် တက်ရောက်ကြသည်။

 

ဦးစွာ   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံတော် ဝန်ကြီးချုပ်နှင့်  အခမ်းအနား တက်ရောက်လာကြသူများသည် တေးသံရှင် သန်းမြတ်စိုး၏ “တိမ်တမန်” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုကို    ကြည့်ရှုအားပေးကြသည်။

 

ထို့နောက် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား  ပြောကြားရာတွင် ရေသယံဇာတသည်  သဘာဝ အရင်းအမြစ်          တစ်ခုအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး အသက် မွေးဝမ်းကျောင်းနှင့်  သက်ရှိများ အသက်ရှင်     နေထိုင်ရေးအတွက် အခြေခံလိုအပ်ချက်တစ်ခုဖြစ်ကြောင်း၊ လုံခြုံဘေးကင်းသန့်ရှင်း သည့်     ရေသည်    ကျန်းမာရေးကို   အထောက်အကူပြုရုံသာမက ပတ်ဝန်းကျင်ကိုလည်း ကောင်းကျိုး ပြုကြောင်း၊  ထို့ကြောင့်  လူတိုင်း ကျန်းမာသန်စွမ်းနေစေရေး သန့်ရှင်းသည့်     သောက်သုံးရေရရှိရန် လိုအပ်ကြောင်း။

 

ကမ္ဘာပေါ်ရှိ  နိုင်ငံများတွင် ရေကိုစနစ်တကျ  ချွေတာအသုံးပြု ရန်နှင့်    လူတိုင်းလုံခြုံဘေးကင်း သည့်    သောက်သုံးရေရရှိနိုင်စေရန်     တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက်   အသိပေးနှိုးဆော်သည့် အနေဖြင့် နှစ်စဉ်  မတ်လ ၂၂ ရက် နေ့ကို    “ကမ္ဘာ့ရေနေ့”    အဖြစ် သတ်မှတ်ပြီး   ၁၉၉၃  ခုနှစ်မှစ၍ ကမ္ဘာ့ရေနေ့ အထိမ်းအမှတ်အခမ်းအနားများကို    ကျင်းပလျက်ရှိ ကြောင်း၊ နှစ်အလိုက် ကမ္ဘာ့ရေနေ့ ဆိုင်ရာ  အထူးပြုအသိပေးလိုသည့် အဓိကအကြောင်းအရာ  ဆောင်ပုဒ် များကို သတ်မှတ်ဆောင်ရွက်ခဲ့ရာ ယခုနှစ် ကမ္ဘာ့ရေနေ့ ၂၀၂၄ အတွက် ဆောင်ပုဒ်(Theme)မှာ “ငြိမ်းချမ်း သာယာဝပြောရေး    ရေကဏ္ဍကို မြှင့်တင်ပေး” “Leveraging Water for Peace” ပင် ဖြစ်ကြောင်း။

 

ကမ္ဘာလုံးဆိုင်ရာ  ရေအကျပ် အတည်းသည် လူသားများရင်ဆိုင်နေရသည့် အရေးကြီးဆုံး စိန်ခေါ် မှုများထဲမှ တစ်ခုဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏အဆိုအရ  လူဦးရေ နှစ်ဘီလီယံကျော်သည် ဘေးကင်း သည့်      သောက်သုံးရေမရရှိကြ သည့်အပြင်  လေးဘီလီယံကျော်သည်လည်း  တစ်နှစ်အနည်းဆုံး တစ်လတာ ရေရှားပါးမှုခံစားနေကြရသည်ကို သိရှိရကြောင်း၊ တစ်ဖက်တွင်လည်း ရာသီဥတု ပြောင်းလဲ လာမှုနှင့် လူသားများ၏ ပယောဂများကြောင့် ရေသယံဇာတနှင့်  သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး  ရေအရင်းအမြစ်များ လျော့နည်းလာနေကြောင်း။

 

ကမ္ဘာ့မြေမျက်နှာပြင်၏ ၇၁ ရာခိုင်နှုန်းသည် ရေများဖုံးလွှမ်းလျက်ရှိသော်လည်း ကမ္ဘာ့ရေထု စုစုပေါင်း၏၉၇ ဒသမ ၅ ရာခိုင်နှုန်းသည်  ပင်လယ်သမုဒ္ဒရာဆားငန်ရေများဖြစ်ကြကြောင်း၊ ကျန် ၂  ဒသမ  ၅   ရာခိုင်နှုန်းခန့်သာ ရေချိုများဖြစ်ပြီး   အဆိုပါ ရေချိုများ၏ ၆၈ ရာခိုင်နှုန်းသည်လည်း ရေခဲတောင်များ၊ ဝင်ရိုးစွန်းများနှင့် လေထုထဲတွင် မိုးတိမ်နှင့် ရေငွေ့များအဖြစ် တည်ရှိနေခြင်းကြောင့် အသုံးမပြု နိုင်ကြောင်း၊ မြေပြင်ပေါ်ရှိ  ရေအားလုံး၏ ၀ ဒသမ ၅ ရာခိုင်နှုန်းနှင့် မြေအောက်ရေ ၃၀ ဒသမ ၁ ရာခိုင်နှုန်းကိုသာ သုံးစွဲနိုင်သည့်အတွက် အသုံးပြုနိုင်သည့်ပမာဏ အလွန်နည်းပါးသည်ကို တွေ့ရ ကြောင်း၊ ထို့ကြောင့် ကမ္ဘာပေါ်တွင် ရေချိုအရင်းအမြစ်များ အကန့်အသတ်ရှိနေသည်ကို တွေ့ရမည် ဖြစ်ကြောင်း။

 

၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏  လေ့လာမှုများအရ နှစ်စဉ် လူဦးရေ ၁ ဒသမ ၄ သန်း သည်  မသန့်ရှင်းသည့်ရေကြောင့် ဖြစ်ပေါ်သည့်ရောဂါများနှင့် မိလ္လာမသန့်ရှင်းမှုများကြောင့် သေဆုံး နေကြရကြောင်း၊ လူဦးရေ ၇၄ သန်းသည်လည်း တဖြည်းဖြည်းနှင့် သက်တမ်းတိုတောင်းလာသည်ကို     တွေ့ရကြောင်း၊ လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့ရေလိုအပ်ချက်သည် ၅၅ ရာခိုင်နှုန်း အထိတိုးတက် လာမည်ဟု ပညာရှင်များက ခန့်မှန်းထားကြကြောင်း၊ ထို့ပြင် ကမ္ဘာ့လူဦးရေ၏တစ်ဝက် နီးပါးဖြစ်သည့်  သန်း ၃၆၀၀ သည် သန့်ရှင်းသည့် မိလ္လာစနစ်မရရှိသေးသည်ကို စစ်တမ်းများ၌ ဖော်ပြထားကြောင်း။

 

မိမိတို့    မြန်မာနိုင်ငံအနေဖြင့် ရေမူဝါဒများနှင့် ဥပဒေများ ဖော်ဆောင်ချမှတ်ပြီး စိုက်ပျိုးရေးကဏ္ဍ အတွက်  ရေတိုးမြှင့်ရရှိရေး၊ စွမ်းအင်ကဏ္ဍအတွက် ရေအားလျှပ်စစ်တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ အိမ်သုံးရေ တိုးမြှင့်ပေးဝေနိုင်ရေး၊ စက်မှုလုပ်ငန်းသုံးရေ ပိုမိုပေးဝေနိုင်ရေးတို့အတွက်  ဘက်စုံရေစီမံခန့်ခွဲမှု နည်းလမ်းများဖြင့် ရေအရင်းအမြစ်များကို ထိရောက်စွာစီမံခန့်ခွဲနိုင်ရေး ကြိုးစားဆောင်ရွက် လျက်ရှိကြောင်း။

 

ရေစီမံခန့်ခွဲမှုသည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို တုံ့ပြန်ဆောင်ရွက်နိုင်ရန်၊ စားနပ် ရိက္ခာဖူလုံမှုရှိစေရန်၊ ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ရန်၊ ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ရန်၊ ရေညစ် ညမ်းမှုများကို  တားဆီးရန်နှင့် ရေဆိုင်ရာပဋိပက္ခဖြေရှင်းရန် စသည့် ပန်းတိုင်များစွာကို ရောက်ရှိ စေနိုင်မည့် အရေးကြီးသည့် အခြေခံခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ နိုင်ငံတကာကကောင်းမွန် ပြည့်စုံသည့်  ရေစီမံခန့်ခွဲမှု အလေ့အကျင့်ကောင်းများကို  နမူနာယူပြီး မြန်မာနိုင်ငံအနေဖြင့်  “အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ”ကို  ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး    ရေဆိုင်ရာကဏ္ဍ စုံကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန်နှင့် ရေကဏ္ဍအားလုံးကို   လွှမ်းခြုံသည့် “အမျိုးသားရေဥပဒေ”       တစ်ရပ်ရေးဆွဲ ပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း။

 

စိုက်ပျိုးရေပေးဝေမှု

မိမိတို့          နိုင်ငံတစ်ဝန်း၌ တည်ဆောက်       ထိန်းသိမ်းထားရှိသည့်    ရေလှောင်တမံ  ၂၄၆  ခု၊ ရေလွှဲဆည် ၁၄၄ ခု၊ ရေကန် ၇၂ ခု၊ ရေတံခါး  ၁၉၉  ခုနှင့်  မြစ်ရေတင် လုပ်ငန်း   ၂၁၉  ခုရှိပြီး   စိုက်ပျိုး ရေပေးဝေခြင်း၊    သောက်သုံးရေ ပေးဝေခြင်းနှင့်    အချို့ရေလှောင် တမံများတွင်        ရေအားလျှပ်စစ် ထုတ်လုပ်လျက်ရှိကြောင်း၊  မိမိတို့ နိုင်ငံ၏ အဓိကမြစ်ကြီး ၄ စင်း ဖြစ် သည့် ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းမြစ်နှင့် အခြားမြစ်ချောင်း များမှ ရေကိုစုပ်တင်ပြီး  စိုက်ပျိုး ရေပေးဝေရေး  ဆောင်ရွက်လျက်ရှိ သည့် မြစ်ရေတင်စီမံကိန်း စုစုပေါင်း ၃၉၀  ရှိပြီး  စိုက်ပျိုးရေပေးဝေနိုင် သည့်  မြေဧရိယာဧက  ခုနစ်သိန်း ငါးသောင်း         နီးပါးရှိကြောင်း၊ ထို့အပြင်  မြေအောက်ရေတွင်းများ တူးဖော်ပြီး စိုက်ပျိုးရေပေးဝေခြင်း လုပ်ငန်း   ၁၄၉၈၉  ခုမှ  စိုက်ပျိုး မြေဧရိယာဧက ကိုးသိန်း သုံးသောင်း နီးပါးကို ရေပေးဝေလျက်ရှိကြောင်း။

 

အကျိုးရှိစွာအသုံးချ

မိမိတို့နိုင်ငံ၌     စိုက်ပျိုးရေး ကဏ္ဍသည် ရေချိုသုံးစွဲမှုအများဆုံးဖြစ်ပြီး   ၈၉  ရာခိုင်နှုန်းကို     သုံးစွဲ လျက်ရှိနေသောကြောင့် ရေအရင်း အမြစ်များကို အကျိုးရှိစွာ အသုံးချ နိုင်ရေးနှင့် ရေရှည်တည်တံ့စေရန် စီမံခန့်ခွဲနိုင်ရေးသည်      နိုင်ငံ အတွက်    အရေးပါသည့်ကဏ္ဍ တစ်ရပ်ဖြစ်လာကြောင်း၊ အနာဂတ် ရေဖူလုံစေရေးအတွက်   ရေစီမံ အုပ်ချုပ်ရေးဟုခေါ်သည့်  (Water Governance)    လုပ်ငန်းများတွင် လူငယ်များ၏         ပါဝင်မှုသည် လွန်စွာအရေးကြီးသည်ကို တွေ့ရ မည်ဖြစ်ကြောင်း၊ ရေရှည်တည်တံ့ သည့် ရေစီမံခန့်ခွဲမှု အလေ့အကျင့် ကောင်းများ ရရှိစေရန် လူငယ်များကို  အသိပညာပေးခြင်းသည် အရေးပါသည့်အခန်းကဏ္ဍအဖြစ် ပါဝင်လျက်ရှိကြောင်း။

 

နောက်ထပ်  အရေးကြီးသည့် အချက်မှာ     ရေဆိုင်ရာအချက် အလက် (Data) များကို  အခြေခံ ပြီး  သိပ္ပံနည်းကျ   ရေစီမံခန့်ခွဲမှု နည်းလမ်းများတွင်  အသုံးချခြင်း ဖြင့်   လူသားနှင့် သက်ရှိများစွာ အတွက် အလွန်အကျိုးရှိကြောင်း သုတေသနများစွာက  သက်သေပြ နိုင်သည်ကို         တွေ့ရှိရကြောင်း၊ ရေဆိုင်ရာ သိပ္ပံနည်းကျသုတေသန လုပ်ငန်းများတွင်    ဆက်လက်ပြီး ရင်းနှီးမြှုပ်နှံခြင်းဖြင့်  မိမိတို့တွင် ရှိပြီးဖြစ်သည့် ရေအရင်းအမြစ်များ ၏   သဘောသဘာဝများကို   ပိုမို နားလည်နိုင်ရန် အထောက်အကူ ပြုမည်ဖြစ်ပြီး ရေအရင်းအမြစ်များ ကို    အသုံးချနိုင်ရန်နည်းလမ်း များ၊   ရေနှင့်ဆိုင်သည့်    သဘာဝ ဘေးအန္တရာယ်များမှ    ကာကွယ် စောင့်ရှောက်နိုင်မည့်   နည်းလမ်းများကို ရှာဖွေရာတွင်လည်းကောင်း၊ စီမံခန့်ခွဲမှုဆိုင်ရာ     ဆုံးဖြတ်ချက် များချမှတ်ခြင်း(Decision-Making) ပြုလုပ်ရာတွင်လည်းကောင်း ပိုမို တိကျစွာ  ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊     ယခုမိမိတို့နိုင်ငံတွင် လည်း       “ရေအားအရင်း အမြစ် စူးစမ်းလေ့လာရေးအဖွဲ့” ဖွဲ့စည်း ထားပြီးဖြစ်သဖြင့် ရေဆိုင်ရာ အချက်အလက်များကို     စုစည်း ကာ      (Data   Bank)    တစ်ခု    ဖြစ်ပေါ်လာရေး  ဆောင်ရွက်လျက် ရှိကြောင်း။

 

အလေးထားဆောင်ရွက်

ယခုနှစ်  ကမ္ဘာ့ရေနေ့အထိမ်း အမှတ်ဆောင်ပုဒ်အတိုင်း “ငြိမ်းချမ်း သာယာဝပြောရေး   ရေကဏ္ဍကို မြှင့်တင်ပေး”        နိုင်ရေးအတွက် ဝန်ကြီးဌာန၊   အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်  လည်း ကောင်း၊   ဥပဒေအားဖြင့်လည်းကောင်း၊           နည်းပညာအားဖြင့် လည်းကောင်း၊         အစွမ်းကုန် ထိန်းသိမ်းသွားရန်        လိုအပ်ပြီး အမြော်အမြင်ရှိစွာဖြင့်    စီမံခန့်ခွဲ ဆောင်ရွက်ပေးကြရန်၊ အနာဂတ် ရေဖူလုံစေရေး  လူငယ်များ၏ပါဝင် မှုသည်   အရေးကြီးသည့်အတွက် လူငယ်များကို လေ့ကျင့်ပျိုးထောင် ရေးကို  အလေးထား  ဆောင်ရွက် ပေးကြရန်၊  မိမိတို့၏ လက်ရှိနှင့်အနာဂတ်မျိုးဆက်သစ်များအတွက် နိုင်ငံ၏    ရေအရင်းအမြစ်များကို ရေရှည်တည်တံ့ပြီး   မျှတစွာသုံးစွဲ နိုင်စေရန်၊      ရေအရင်းအမြစ်ကို ထိရောက်အကျိုးရှိစွာ     ရေရှည် အသုံးပြုသွားနိုင်ရေး   ရေဆိုင်ရာ စီမံခန့်ခွဲမှုကဏ္ဍများတွင်  အားလုံး အတူတကွ   ပူးပေါင်းဆောင်ရွက် ကြရန်   တိုက်တွန်းပြောကြားလို ကြောင်း ပြောကြားသည်။

 

ထို့နောက်        နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က  ကမ္ဘာ့ရေနေ့ ၂၀၂၄ အထိမ်းအမှတ်အလွတ်တန်းအဆင့်        ဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိ ခဲ့ကြသူများ ကို    ဆုများပေးအပ် ချီးမြှင့်သည်။

 

ဖျော်ဖြေတင်ဆက်

ယင်းနောက်  ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာနမှ  ဝန်ထမ်းများက “ကမ္ဘာ့ရေနေ့ ဂုဏ်ပြုတေးသီချင်း” ဖြင့်ဖျော်ဖြေတင်ဆက်သည်။

 

ဆက်လက်၍    အမျိုးသား အဆင့် ရေအရင်းအမြစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊  ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး  မြထွန်းဦးက  ကမ္ဘာ့ ရေနေ့အထိမ်းအမှတ် ဝါသနာရှင် အဆင့်      ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိခဲ့သူများကို ဆုများပေးအပ် ချီးမြှင့်သည်။

 

ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံ တော်ဝန်ကြီးချုပ်နှင့်         အခမ်း အနား တက်ရောက်လာကြသူများ က ကမ္ဘာ့ရေနေ့ ၂၀၂၄ အထိမ်း အမှတ်       မှတ်တမ်းဗီဒီယိုနှင့် ရေအရင်းအမြစ်နှင့်    မြစ်ချောင်း များ  ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ဝန်ထမ်းများတင်ဆက်ကြသည့် “မေတ္တာရေတစ်စက်”  ပြဇာတ်တို့ကို     ကြည့်ရှုအားပေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က ဖျော်ဖြေတင်ဆက်ခဲ့ကြသူများအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့် ငွေတို့ကို ပေးအပ်သည်။

 

ယင်းနောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက် လာကြသူများကို    ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ကမ္ဘာ့ရေနေ့  ၂၀၂၄  အထိမ်းအမှတ် ပြခန်းများအတွင်း  ပြခန်းတစ်ခု ချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့်     လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက      ရှင်းလင်း တင်ပြခဲ့ကြကြောင်း   သတင်းရရှိသည်။

သတင်းစဉ်