အင်္ဂပူ ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး ၊မြန်အောင်ခရိုင်၊ င်္ဂပူမြို့နယ် မကျီးကုန်းကျေး ရွာအုပ်စု၊ ရွှေတောင်စု ခေတ်မီစံပြကျေးရွာတွင် ယနေ့နံနက်ပိုင်းက အခြေခံ မော်တော်ဆိုင်ကယ် ပြုပြင်နည်းသင်တန်းအမှတ်စဉ် (၃/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဟင်္သာတခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လတ်လတ်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဟင်္သာတခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လတ်လတ်ဝင်းနှင့် ဝန်ထမ်းများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
အခြေခံ ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်း တက်ရောက်ပြီးသည့် လူငယ်များအနေဖြင့် သင်တန်းပြီးပါက ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်ပြီး ဝင်ငွေရရှိစေရန်၊ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရန်၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အထောက်အကူပြုစေရန်၊ ဆိုင်ကယ်ပစ္စည်းနှင့်ဆက်စပ်သော အခြားစက်ပစ္စည်းများကိုလည်း ပြင်ဆင်တတ်စေရန်ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား၂၃ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလ တစ်လ ကြာမြင့်မည်ဖြစ်သည်။
မန်းကျော်(ပြန်/ဆက်)