ရန်ကုန် စက်တင်ဘာ ၁၅
ရွှေတိဂုံစေတီတော် ဘဏ္ဍတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ဗုဒ္ဓဘာသာ အဆင့်မြင့် ယဉ်ကျေးမှု သင်တန်းအမှတ်စဉ်(၁၄)ဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် စေတီတော်ရင်ပြင်အရှေ့ရှိ ရေကြည်တော်ဝတ်အသင်းတန်ဆောင်၌ ကျင်းပသည်၊၊
ရှေးဦးစွာ နမောတသသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးကျော်ဇေယျ က သင်းတန်းပြီးမြောက် အောင်မြင်မှုအတွက် ဝမ်းမြောက်ကြောင်းပြောကြားပြီး သင်တန်းနည်းပြ မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာကြီး ဦးဟန်က သင်ကြားပြီးစီးမှုနှင့်စပ်လျဉ်း၍ ပြောကြားသည်၊၊
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍတော်ထိန်းဂေါပကအဖွဲ့ တာဝန်ရှိသူများက သင်တန်း နည်းပြ ဆရာကြီး၊ ဆရာမကြီးတို့အား ဂါရဝပြုလက်ဆောင်နှင့် ဆုရသင်တန်းသားများအားဆုများ ပေးအပ်ချီးမြှင့်၍ သင်တန်းသားများ ကိုယ်စားသင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်၊၊
ဗုဒ္ဓဘာသာအဆင့်မြင့်ယဉ်ကျေးမှုသင်တန်းအမှတ်စဉ်(၁၄)ကို ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံးဝန်ထမ်းများ၊ စေတီတော်ကြီး ဝေယျာဝစ္စလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထေရဝါဒ ဗုဒ္ဓဘာသာယဉ်ကျေးမှု ဓလေ့ထုံစံများနှင့်အညီ ဆောင်ရွက်နိုင်စေရန်နှင့် အများ ပြည်သူနှင့်ဆက်ဆံ ရာတွင် ကိုယ်နှုတ်၊ နှလုံးယဉ်ကျေးသိမ်မွေ့စေရန် ရည်ရွယ်၍ စက်တင်ဘာလ (၄)ရက်မှ (၁၅)ရက်အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသား(၂၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်၊၊
(သတင်းစဉ်)