နေပြည်တော် ၅ ဇွန်
ရန်ကုန်မြို့ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် အလှူရှင်များ လှူဒါန်းခဲ့သည့် ရွှေစင်၊ ရွှေပြားရွှေသင်္ကန်းတော်များအား ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၀၁၉ ခုနှစ် မတ် ၂၆ ရက်အထိ ရထားပျံဖြင့် ကပ်လှူပူဇော်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယခုအခါ လုံးတော်ပြည့် ရွှေသင်္ကန်းများ ဆက်ကပ်ခြင်း လုပ်ငန်းအောင်မြင်စွာပြီးဆုံး၍ ကုသိုလ်ရှင်အပေါင်း၏ ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ခြင်း မဟာကုသိုလ်တော်အောင်ပွဲ ရေစက်ချ အမျှပေးဝေခြင်း မင်္ဂလာအခမ်းအနားကို ၂၀၁၉ ခုနှစ် ဇွန် ၁၇ ရက် တနင်္လာ၊ ၁၃၈၁ ခုနှစ်၊ နယုန်လပြည့်၊ နံနက် ၈ နာရီအချိန်တွင် ရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့် ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသွားမည်ဖြစ်ပါ၍ ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၁၉ ခုနှစ် မတ် ၂၀ ရက်အထိ လှူဒါန်းခဲ့သည့် ရွှေသင်္ကန်းအလှူရှင်များ ကြွရောက်တရားတော်နာ ရေစက်သွန်းချ အမျှပေးဝေနိုင်ကြောင်း သိရသည်။
သတင်းစဉ်