ရေဦး  ၂၄  ဩဂုတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ရေရှည်စဉ်ဆက်မပြတ် ငါးစားသုံးမှု ပိုမိုဖူလုံ‌လာစေရေးနှင့် ငါးထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရန်၊ ငါးသယံဇာတများ ပေါများလာစေရန် ရည်ရွယ်လျက် ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၄ ရက် နံနက် ၉ အချိန်တွင် ရေဦးမြို့နယ်၊ မူးမြစ်အတွင်းသို့ (ငါးသန်) ငါးသားပေါက်များ မျိုးစိုက်ထည့်ရာ ရွှေဘိုခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးအောင်သန်းဦး၊ ရေဦးမြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးခင်‌မောင်မြင့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရေဦးမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးမြင့်နိုင်၊ ရေဦးငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးပေါလွင်၊ ရွှေဘိုငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးဇော်ဝင်းအောင်နှင့် ခရိုင်/မြို့နယ်နှင့်စခန်းများမှ ဝန်ထမ်းများ၊ မကြီးတောကျေးရွာအုပ်ချုပ်ရေးမှူးနှင့် NGO များ တက်ရောက်ကြပြီး ရေဦးငါးလုပ်ငန်းစခန်းမှ ငါးမြစ်ချင်း(ငါးသန်) ငါးသားပေါက်ကောင်ရေ (၂၀၀၀၀၀)၊ ထိုင်းငါးခုံးမကြီး (ငါးသန်) ငါးသား ပေါက်ကောင်ရေ (၁၀၀၀၀၀)နှင့် ရွှေဘိုငါးလုပ်ငန်းစခန်းမှ ငါးမြစ်ချင်း(ငါးသန်) ငါးသားပေါက် ကောင်ရေ (၁၅၀၀၀၀)၊ ထိုင်းငါးခုံးမကြီး (ငါးသန်) ငါးသားပေါက်ကောင်ရေ (၅၀၀၀၀)စုစုပေါင်း (ငါးသန်) ငါးသားပေါက်ကောင်ရေ (၅၀၀၀၀၀)အား ငါးမျိုးများစိုက်ထည့် ပေးခဲ့ကြောင်း သိရသည်။

MDN