ရေဦး ၆ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေး ပြည်သူများ နှာခေါင်းစည်းတပ်သွားလာသည့် အလေ့အကျင့်ဖြစ်စေရေး ရည်ရွယ်၍ စက်တင်ဘာ ၆ ရက် နံနက် ၈ နာရီက ဒုတိယအကြိမ် Mask Campaign ပြုလုပ်ကာ ကျန်းမာရေးစစ်ဆေးခြင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညွန့်၀င်း၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ညွန့်ဆွေတို့ ဦးဆောင်မှုနှင့်အတူ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးဌာန၊ ရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၀န်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ အသင်းအဖွဲ့၀င်များက အဖွဲ့လေးဖွဲ့ခွဲကာ Mask မပါသူ Mask မတပ်သူ လမ်းသွားလမ်းလာ ပြည်သူ ၂၀၀ ဦးအား mask များအသီးသီး ပေးဝေခဲ့ကြပြီး ကိုဗစ်-၁၉ ကာလ နေအိမ်ပြင်ပထွက်လျှင် Mask တပ်ဆင်ခြင်းဖြင့် ပြည်သူများမှ ပူးပေါင်းပါဝင် လုပ်ဆောင်ပေးကြရန်လိုအပ်ကြောင်း၊ ကူးစက်ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး ထုတ်ပြန်ကြေညာချက်များကို လိုက်နာခြင်းဖြင့် အတူပူးပေါင်းပါ၀င်ဆောင်ရွက်မှသာ ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်းကို သိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သန်းထိုက် (ရေဦး)


