ရေဦး ၂၁ ဩဂုတ်

လူမှု၀န်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန  လူမှု၀န်ထမ်းဦးစီးဌာန  နေပြည်တော်မှ  ကိုဗစ်-၁၉ ကာလ  “CERP”  အစီအစဉ်အရ    ကိုယ်၀န်ဆောင်သည်များ     တစ်ကိုယ်ရေသုံး ပစ္စည်း၀ယ်ယူရန်နှင့်  ဖြည့်စွက်အစားအစာများ  ၀ယ်ယူစားသုံးနိုင်ရေးအတွက်  တစ်ဦးလျှင်  ငွေကျပ်သုံးသောင်းနှုံး  ထောက်ပံ့ပေးမည်ဟု သိရသည်။

 

ထောက်ပံ့ငွေ ရရှိနိုင်ရေးအတွက်  ရေဦးမြို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေး၊ မြို့နယ်ရင်ခွင်မဲ့ကလေး  လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မိုးစပယ်ဦး အမျိုးသမီးလူငယ်များနှင့်  အမှုဆောင်များမှ    နယ်မြေကွင်းဆင်း၍ လည်းကောင်း၊ ယာယီရုံး ဖွင့်လှစ်၍ လည်းကောင်း၊  နေ့စဉ်နံနက် ၈ နာရီမှ ညနေ  ၅ နာရီအထိ စာရင်းကောက်ယူ ဖြည့်သွင်း‌ပေးလျက်ရှိသည်။ ထောက်ပံ့ငွေ‌ပေးရန်အတွက် ငွေဗိုက်ဆော့ဝဲလ် (Ngwe Bike application) ဖြင့်   ယခုလ ၁၃ ရက်နေ့မှစ၍  လာမည့်စက်တင်ဘာ ၁၅ ရက်နေ့အထိ  စာရင်းရယူသွားမည်ဖြစ်သည်။  Mobile phone ဖြင့် ငွေဗိုက်ဆော့ဖ်ဝဲလ်    ရယူသုံးစွဲခြင်းနှင့်ပတ်သက်၍     အခက်အခဲရှိသူများ    မိခင်နှင့် ကလေးကျန်းမာရေးဌာန သို့မဟုတ် သက်ဆိုင်ရာ ဆရာ၀န် အသိအမှတ်ပြုလက်မှတ်ဖြင့် စာရင်းပေးသွင်းနိုင်သည်။ သို့သော် ကျန်းမာရေးအရ သွားလာရန်ခက်ခဲပါက မိသားစု၀င်ဖြစ်စေ၊ ဆက်နွှယ်ရာ ဆွေမျိုးမိတ်ဆွေများနှင့်ဖြစ်စေ အထောက်အထား ခိုင်လုံစွာဖြင့် လာရောက် စာရင်းပေးနိုင်ကြောင်း၊ ယနေ့အထိ   ရပ်ကွက်ကျေးရွာပေါင်း ၇၅ ရွာမှ  ကိုယ်၀န်ဆောင်သည် အရေအတွက် ၅၀၁ ဦး စာရင်းသွင်းပြီးဖြစ်ကြောင်း၊   ထောက်ပံ့ငွေများကို message ‌ ဖြင့်   ကာယကံရှင်ထံ တိုက်ရိုက်   ပေးပို့သွားမည်ဖြစ်ရာ နီးစပ်ရာ   wave money   ဆိုင်များတွင် ထုတ်ယူကြရမှာ ဖြစ်ကြောင်း ဒေါ်မိုးစပယ်ဦးက ပြောသည်။

သန်းထိုက် (ရေဦး)