ကလေးဝ ၄ ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် မိုးရာသီမတိုင်မီ ရေယာဉ်များအန္တရာယ်ကင်းရှင်းစွာ ခုတ်မောင်းသွားလာနိုင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းက အဖွင့်အမှာစကားပြောကြား၍ တိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သန်းက ရေယာဉ်များကြိုတင် စီမံဆောင်ရွက်ရန်ကိစ္စများ၊ ရေယာဉ်ပိုင်ရှင်များလိုက်နာရန် စည်းကမ်းချက်များ၊ ရေယာဉ်မောင်းသူများ လိုက်နာရန် စည်းကမ်းချက်များ၊ ခရီးသည်များ လိုက်နာရန်စည်းကမ်းချက်များ စသည်အချက်များကို ဌာနဆိုင်ရာတာဝန်ရှိအကြီးအကဲများ၊ မြို့နယ်အတွင်း ခုတ်မောင်းသွားလာနေသော ရေယာဉ်ပိုင်ရှင်များ၊ ရေယာဉ်မောင်းသူများ၊ ဒေသခံပြည်သူများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

သက်ဟန်(ကလေးဝ)